Thursday, April 1, 2010

Internet မှာ ရှာလို့ရတဲ့ အုန်းနို့ ကြက်သားဟင်း နှင့် ကြက်ဥ ခေါက်ဆွဲ


အုန်းနို့ ကြက်သားဟင်း နှင့် ကြက်ဥ ခေါက်ဆွဲ (Myanmar Coconut Chicken with Eggs Noddle)

အုန်းနို့ ခေါက်ဆွဲသုပ် လို့လည်း ခေါ်လို့ ရတယ်ဗျ။ အီတလီ ခေါက်ဆွဲ မျိုးလို ခေါက်ဆွဲ ပေါ်မှာ ကြက်သားဟင်း တင်ပြီး လှလှပပ ကျွေးနိုင်တဲ့ ခေါက်ဆွဲ ပေါ့ဗျာ။ အုန်းနို့ ခေါက်ဆွဲ ကြိုက်နှစ်သက် လှတဲ့ ကျွန်တော့် သူငယ်ချင်းတွေ အတွက် အုန်းနို့ ခေါက်ဆွဲ အရသာ မပျက်ဘဲ အနောက်တိုင်း ဆန်ဆန် ကျွေးနိုင်ပြီး မြန်မာ အရသာ ရှိတဲ့ ခေါက်ဆွဲ ဖြစ်တာကြောင့် သူတို့တွေ ပျော်ပျော် ရွှင်ရွှင် နဲ့ အားပါး တရ စားသုံး နိုင်တဲ့ ခေါက်ဆွဲပဲ ဖြစ်ပါတယ်။

ဒီပစ္စည်းတွေ လိုတယ်
ကြက်သား(Chicken) -၇၅၀ ဂရမ်
ခေါက်ဆွဲခြောက်(Dry Eggs Noddle) - ၃၀၀ ဂရမ်
KSS ငရုပ်သီးမှုန့်(KSS Chilli Powder) - ၁ဇွန်း (စားပွဲဇွန်း)
KSS နနွင်းမှုန့် (KSS Tumeric Powder) - ၁ လက်ဖက်ရည်ဇွန်း
မြစ်သားကြက်သွန်နီဥကြီး (Big Onion) - ၃၀၀ ဂရမ်
ကြက်သွန်ဖြူ (Garlic) - ၅ မြှောင့်
အုန်းနို့အပျစ် (Thick Coconut Milk) - 200 ml
ပဲမှုန့်အစိမ်း (Dhall Flour) - ၂ စားပွဲစားဇွန်း
ငံပြာရည် (Fish Sauce) - ၂ စားပွဲစားဇွန်း
ရေ(Water) - ၁ ၁/၂ ခွက်
ဆီ (Cooking Oil) - ၅ စားပွဲစားဇွန်း
ဆား(Salt) - အနည်းငယ်
သကြား (Sugar) - အနည်းငယ်

ချက်ကြမယ်
- ပထမဆုံး ကြက်သားကို အနေတော်အရွယ်လေးတွေ တုံးထားမယ်။
- ပြီးရင် ကြက်သွန်နီကို ပါးပါးလှီးထားမယ်။
- ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်နဲ့ နနွင်းမှုန့်ကို ရောပြီးထောင်းမယ်။
- ပဲမှုန့်အစိမ်းကို ရေနည်းနည်းနဲ့ရောပြီး ပျစ်ပျစ်ဖျော်ထားမယ်။
- အားလုံး အဆင်သင့် ဖြစ်ရင် ကြက်သွန်နီကို နီညိုရောင် သမ်းလာတဲ့ အထိ ကြော်လိုက်မယ်။ ပြီးရင် အဆင်သင့် ထောင်းထားတဲ့ ငရုတ်သီးမှုန့် နနွင်းမှုန့်နဲ့ ကြက်သွန်ဖြူကို ထည့်ပြီး ဆီသတ် လိုက်မယ်။ ပြီးတာ နဲ့ ကြက်သား ထည့်ပြီး မိနစ် နည်းနည်းလောက် ချက်လိုက်မယ်။
- အုန်းနို့၊ ပဲမှုန့် အရည်ပျစ်ပျစ်နဲ့ ရေထည့်ပြီး ကြက်သားနှုးလာတဲ့အထိ ချက် လိုက်မယ်။
- ကြက်သား နူးရင် ငံပြာရည်၊ ဆားနဲ့ သကြားထည့်ပြီး မိနစ် နည်းနည်းလောက် ဆက်ချက်ပြီး မီးဖိုပေါ်က ချလိုက်မယ်။
- ခေါက်ဆွဲ ခြောက်ထုပ်က အညွှန်းအတိုင်း ခေါက်ဆွဲခြောက်ကို ပြုတ်ပြီး ဆန်ခါ မှာ စစ်ထား လိုက်မယ်။
- အားလုံး အဆင်သင့် ဖြစ်ရင် ပန်းကန်ပြား တစ်ချပ်မှာ ခေါက်ဆွဲထည့်၊ အုန်းနို့ ကြက်သားဟင်းကို အပေါ်ကနေ လောင်းထည့် လိုက်မယ်။ နံနံပင်၊ ငရုတ်
သီးမှုန့်၊ ကြက်သွန်နီ၊ သံပရာသီး၊ ငံပြာရည်တို့ကို ပန်းကန်လုံး သေးသေးလေးမှာ သီးခြားစီ ထည့်ထားမယ်။
-ှငါးဖယ်ခြစ်ကြော် နဲ့ ကြိုက်နှစ်သက်တဲ့ အကြော် တစ်မျိုးမျိုး ထည့်ပြီး မြိန်ရေ ရှည်ရေ စားလို့ ရပါပြီ။
Source
http://www.perfectmagazineonline.com/lifestyle/life_health/index.php?newsID=12&choice=28


Type the rest of your post here.

No comments:

Post a Comment