Monday, August 9, 2010

East Coast Night

Read More...

Saturday, April 24, 2010

2010 စင်္ကာပူ သင်္ကြန်မှာ

Read More...

Saturday, April 17, 2010

Padauk Pauksa's 2010 Thingyan 3.AVI



Type the rest of your post here.

Read More...

Tuesday, April 13, 2010

Padauk Pauksa's 2010 Thingyan 1.AVI

Type your summary here.

Type the rest of your post here.

Read More...

Monday, April 12, 2010

၁၁.၀၄.၂၀၁၀ စင်္ကာပူသင်္ကြန်မှာ







Read More...

Thursday, April 1, 2010

Internet မှာ ရှာလို့ရတဲ့ အုန်းနို့ ကြက်သားဟင်း နှင့် ကြက်ဥ ခေါက်ဆွဲ


အုန်းနို့ ကြက်သားဟင်း နှင့် ကြက်ဥ ခေါက်ဆွဲ (Myanmar Coconut Chicken with Eggs Noddle)

အုန်းနို့ ခေါက်ဆွဲသုပ် လို့လည်း ခေါ်လို့ ရတယ်ဗျ။ အီတလီ ခေါက်ဆွဲ မျိုးလို ခေါက်ဆွဲ ပေါ်မှာ ကြက်သားဟင်း တင်ပြီး လှလှပပ ကျွေးနိုင်တဲ့ ခေါက်ဆွဲ ပေါ့ဗျာ။ အုန်းနို့ ခေါက်ဆွဲ ကြိုက်နှစ်သက် လှတဲ့ ကျွန်တော့် သူငယ်ချင်းတွေ အတွက် အုန်းနို့ ခေါက်ဆွဲ အရသာ မပျက်ဘဲ အနောက်တိုင်း ဆန်ဆန် ကျွေးနိုင်ပြီး မြန်မာ အရသာ ရှိတဲ့ ခေါက်ဆွဲ ဖြစ်တာကြောင့် သူတို့တွေ ပျော်ပျော် ရွှင်ရွှင် နဲ့ အားပါး တရ စားသုံး နိုင်တဲ့ ခေါက်ဆွဲပဲ ဖြစ်ပါတယ်။

ဒီပစ္စည်းတွေ လိုတယ်
ကြက်သား(Chicken) -၇၅၀ ဂရမ်
ခေါက်ဆွဲခြောက်(Dry Eggs Noddle) - ၃၀၀ ဂရမ်
KSS ငရုပ်သီးမှုန့်(KSS Chilli Powder) - ၁ဇွန်း (စားပွဲဇွန်း)
KSS နနွင်းမှုန့် (KSS Tumeric Powder) - ၁ လက်ဖက်ရည်ဇွန်း
မြစ်သားကြက်သွန်နီဥကြီး (Big Onion) - ၃၀၀ ဂရမ်
ကြက်သွန်ဖြူ (Garlic) - ၅ မြှောင့်
အုန်းနို့အပျစ် (Thick Coconut Milk) - 200 ml
ပဲမှုန့်အစိမ်း (Dhall Flour) - ၂ စားပွဲစားဇွန်း
ငံပြာရည် (Fish Sauce) - ၂ စားပွဲစားဇွန်း
ရေ(Water) - ၁ ၁/၂ ခွက်
ဆီ (Cooking Oil) - ၅ စားပွဲစားဇွန်း
ဆား(Salt) - အနည်းငယ်
သကြား (Sugar) - အနည်းငယ်

ချက်ကြမယ်
- ပထမဆုံး ကြက်သားကို အနေတော်အရွယ်လေးတွေ တုံးထားမယ်။
- ပြီးရင် ကြက်သွန်နီကို ပါးပါးလှီးထားမယ်။
- ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်နဲ့ နနွင်းမှုန့်ကို ရောပြီးထောင်းမယ်။
- ပဲမှုန့်အစိမ်းကို ရေနည်းနည်းနဲ့ရောပြီး ပျစ်ပျစ်ဖျော်ထားမယ်။
- အားလုံး အဆင်သင့် ဖြစ်ရင် ကြက်သွန်နီကို နီညိုရောင် သမ်းလာတဲ့ အထိ ကြော်လိုက်မယ်။ ပြီးရင် အဆင်သင့် ထောင်းထားတဲ့ ငရုတ်သီးမှုန့် နနွင်းမှုန့်နဲ့ ကြက်သွန်ဖြူကို ထည့်ပြီး ဆီသတ် လိုက်မယ်။ ပြီးတာ နဲ့ ကြက်သား ထည့်ပြီး မိနစ် နည်းနည်းလောက် ချက်လိုက်မယ်။
- အုန်းနို့၊ ပဲမှုန့် အရည်ပျစ်ပျစ်နဲ့ ရေထည့်ပြီး ကြက်သားနှုးလာတဲ့အထိ ချက် လိုက်မယ်။
- ကြက်သား နူးရင် ငံပြာရည်၊ ဆားနဲ့ သကြားထည့်ပြီး မိနစ် နည်းနည်းလောက် ဆက်ချက်ပြီး မီးဖိုပေါ်က ချလိုက်မယ်။
- ခေါက်ဆွဲ ခြောက်ထုပ်က အညွှန်းအတိုင်း ခေါက်ဆွဲခြောက်ကို ပြုတ်ပြီး ဆန်ခါ မှာ စစ်ထား လိုက်မယ်။
- အားလုံး အဆင်သင့် ဖြစ်ရင် ပန်းကန်ပြား တစ်ချပ်မှာ ခေါက်ဆွဲထည့်၊ အုန်းနို့ ကြက်သားဟင်းကို အပေါ်ကနေ လောင်းထည့် လိုက်မယ်။ နံနံပင်၊ ငရုတ်
သီးမှုန့်၊ ကြက်သွန်နီ၊ သံပရာသီး၊ ငံပြာရည်တို့ကို ပန်းကန်လုံး သေးသေးလေးမှာ သီးခြားစီ ထည့်ထားမယ်။
-ှငါးဖယ်ခြစ်ကြော် နဲ့ ကြိုက်နှစ်သက်တဲ့ အကြော် တစ်မျိုးမျိုး ထည့်ပြီး မြိန်ရေ ရှည်ရေ စားလို့ ရပါပြီ။
Source
http://www.perfectmagazineonline.com/lifestyle/life_health/index.php?newsID=12&choice=28


Type the rest of your post here.

Read More...

Wednesday, March 31, 2010

ပိတောက်ပေါက်စ နှင့် နို့ခေါက်ဆွဲ

ပိတောက်ပေါက်စ တို့ အဖွဲ့ ၀င်တွေ အကြောင်းပြောပြ ချင်လိုက်တာဗျာ ပိတောက်ပေါက်စ တို့ အဖွဲဝင်တွေ က လူနည်းစု အဖွဲ့လေးပါ ချစ်သူငယ်ချင်းများ စုပြီးလုပ်ကြတာပါ ဘယ်သူ ဘယ်သူ ကိုမှ စည်းရုံးပြီး လုပ်ထားတဲ့ အဖွဲ့ မဟုတ်ပါဘူး အားလုံး စိတ်တူ ကိုယ်တူ ရှိကြတဲ့ သူငယ်ချင်းတွေ ဆိုတာ ပြောစရာမလိုလောက်ပါဘူးနော် ဒါနှင့် ဒီနှစ် မှာတော့ ကိုမျိုးဦးတို့ နှင့် အတူနေတဲ့ သူငယ်ချင်း ၂ ဦးက ပါဝင်ကုသိုလ် ယူချင်တယ် ဆိုလို သူတို့ ၂ဦးတိုး လာ ပါတယ် နောက် ကိုဇော်မိုးထွဋ် ၏ သူငယ်ချင်း မမ တစ်ယောက်လည်း ပါဝင် မယ်လို့တော့ ပြောတာပါပဲ ပါမယ်ထင်တယ် သူက လူတော့ ပါဝင် မကူညီနိုင်ဘူးတဲ့ ကုသိုလ်ငွေ ထည့်ဝင် ဒါန ပြုမယ်တဲ့ ဘာပဲပြောပြော မမ ဆိုတော့ လက်ခံလိုက်ပါတယ် မမ ကချောတာကို ပိတောက်ပေါက်စ တို့ က လည်း ဒီလိုမမ တွေ ကိုကြိုဆို ရ မှာပေါ့။

ယ္ခုလောလောဆယ်တော့ သူငယ်ချင်း ၁၇ ယောက်လောက်ရှိနေပါပြီ အလှူငွေ ကတော့ တစ်ယောက်ကို ၁၀၀ စီကောက်ထားပါတယ် တချို့လည်း ၅၀ တည့်ကြတာပေါ့ ပိတောက်ပေါက်စ၏ အမာခံ လူတွေကတော့ မထည့် မနေရ တစ်ယောက် ၁၀၀ ကောက်ပါတယ် နို့ခေါက်ဆွဲ ကြွေးလို့ ပိုတဲ့ ငွေ ကို ဘုန်းကြီးကျောင်း မြေနေရာ အတွက် အလှူငွေ ထည့်မှာ ပါ ပိတောက်ပေါက်စ နာမည်နှင့် လှူမှာ ပါ ဘယ်သူ ဘယ်သူ နာမည်ကိုမှ သုံးပြီးလှူ မှာ မဟုတ်ပါဘူး။ ကုသိုလ် နှစ်ထပ်ကွင်း ရကြရအောင်လုပ်တဲ့ ပွဲလေးပါ။

ဒါနှင့် မနှစ်က နှင့် မတူအောင် ထူးထူး ခြားခြား တစ်ခု လုပ် ထားတာ ရှိသေး တယ် ဒါတော့ ပြောမပြသေးဘူး (အ သေ သတ်လိုက် ပြောမပြသေးဘူး) ဒီသင်္ကြန်ကျတော့မှသိကြရမယ်၊ ကြိုးစားပြီးလုပ်ထားကြတာ အဲဒီအကြောင်းကို သင်္ကြန်ပြီးမှာဘယ်လို အခက်အခဲတွေ နှင့် လုပ်ရတာဆိုတာကိုပြောပြမယ် ကိုကျော်သူရကြီး က အဲဒီမှာ ဘယ် လိုရှီးတာတွေ ရေးပြမယ်၊ အခုတော့ စောပါသေးတယ် နောက်မှ နော်။

သိကြတဲ့ အတိုင်းပဲ ဒီနှစ်မှာ လည်း ကိုမျိုးဦးက ပဲ စာရင်းကိုင် လုပ်ပါတယ်၊ ကိုဗိုက်ကလေး နှင့် သူ၏ ယ္မမင်းကြီးတို့ က အ၀ယ်တော် လုပ်ကြမှာ ပါ ကိုရဲလွင် ချစ်ဇနီးကြီးလည်း ပါပါတယ် နို့ခေါက်ဆွဲ ကို တကယ်ပိုင်ပိုင်နိုင်နိုင်ချက် မှာ ကတော့ ကိုရဲလွင်ချစ်ဇနီးကြီးပါ၊ ဒီနှစ်တော့ ကိုမာမီ ကြီးမရှိတော့ နောက်က လိုအပ်တာတွေ ကို ကိုရဲလွင်က တာဝန်ယူရမှာဖြစ်ပါတယ် မနှစ်ကတော့ ကိုရဲလွင်ကြီး ချက်တဲ့ ကြက်သားပလာတာကို နောက်ကနေ လိုအပ် တာတွေ ထပ်ပြင် ပေးရတာကတော့ ကိုမာမီ ကြီးပါ သူက လည်း အချက်တော်ကြီး တစ်ပါးပါပဲ မနှစ်က တော့ လစ်ဟာမှုတွေ မရှိအောင်သူပဲ ဦးဆောင်သွားတာပါ၊်

မနှစ်က ကိုရဲလွင်ကြီး ချက်တဲ့ ကြက်သားပလာတာ က ပေါ့နေတယ် ကိုရဲလွင်ကြီးကိုပြောတော့လည်း မရဘူး ဒါနှင့် သူအိပ်အောင်ဆောင့်နေရတယ် သူလည်း အိပ်သွားတော့ ကိုမာမီ၊ ကိုထွန်းကြီး၊ ကိုဇော်မျိုးဋ္ဌေး၊ ကိုသိန်းစိုး တို့ ဆားတွေ ထပ်ထည့်၊ အပေါ်ဝေ့နေတဲ့ ဆီတွေခပ်ထုပ် ကုလားဝေးရွက်တွေ သစ်ကျပိုးခေါက်တွေ ယ် လုပ်ပြီး ပြင်လိုက်ရသေးတယ်၊ ဒါနှင့် မနှစ်က ကျေးဇူးတင်ဖို့ ကောင်းတာ တစ်ဖွဲ့ရှိသေးတယ် ပိတောက်ပေါက်စတို့ အဖွဲ့၏ ဘေးနားကသစ်သီးဖျော်ရည်ကျွေးတဲ့ညီမလေးတွေ အဖွဲ့ပေါ့ ဘာလို့လည်းဆိုတော့သူတို့က ကြက်သားပလာတာ ဟင်းကို သူတို့ကမြည်းပေးလို့ပေါ့ သူတို့ ကအားနာပါးနာနှင့်ပြောရှာပါတယ် ပေါ့တယ်တဲ့လေ၊ ဆားတွေထပ်ထည့် ရတာပေါ့ ၀ယ်ထားတဲ့ ဆား တွေ အကုန်ကုန်တာပဲ။

ကဲ ဒီနှစ်တော့ ဘယ်လိုတွေလာကြဦးမယ်တော့ မသိဘူး ချီးကုတ် မောင်နှံ၏ လက်ရာကောင်းကောင်း ပဲ ထွက် လာမလား လက်ရာ ဆိုးဆိုးပဲ ဖြစ်လာမလားတော့ မသိသေးဘူးနော် ပိတောက်ပေါက်စ တို့က ပြောရဲပါတယ် ဒီနှစ်က အရင် နှစ်ကထက် ပိုကောင်းမှာပါ မိန်းကလေး ၂ယောက်က ဦးဆောင်ပြီးချက်မှာဆိုတော့ ဘာပြော ကောင်းမလဲ မနှစ်ကထက် သာမှာ အသေအချာပေါ့။

နို့ခေါက်ဆွဲ အတွက် ၀ယ်ရမည့် စာရင်းတွေ တော့ လုပ်ပြီးထားပါပြီ၊ ဘယ်မှာ ဘာတွေ ၀ယ်ရမလည်း ဆိုတာတွေ ကိုလည်း ပိတောက်ပေါက်စ က စီမံ နေရာတွေ ချထားပြီးပါပြီ၊ သိတယ်မဟုတ်လား ပိတောက်ပေါက်စ က ဒီလိုတာဝန်ကို ကျေအောင် ခိုင်းထားပြီးသားဆိုတာ။

နို့ခေါက်ဆွဲ က ကြက်သားပလာတာ ချက်တာထက် သက်သာပါတယ် ဘာမှ တိုလီမိုလီ ၀ယ်စရာမလို ပါဘူး လွယ် လည်း လွယ်ပါတယ် သူတို့ ပြောနေတာတွေ ကို ကြည့်ပြီးသုံးသပ်ကြည့်တာပါ။

နောက်မှ နို့ခေါက်ဆွဲ အတွက် လို အပ်တာတွေ ကို ထပ်ရေးတင်ပါဦးမည်။ ဘယ်လိုချက် ရတာလည်း ဆိုတာက အစ ရေးတင်ထားပါမည် နောက်များ လုပ်ကိုင် ကျွေးမည့် သူတွေ အတွက် အစဉ်ပြေ စေချင်လို့ပါ။မနှစ် က ကြက်သားပလာတာ အကြောင်းကို မရေးဖြစ်လိုက် ဘူး ဒီနှစ်ကျောင်းက ကျွေးမည်ဆိုတော့ ပြန်မပြောတတ်ဖြစ်နေပြီ အသေးစိတ်ပြော မပြနိုင်ဖြစ်နေရပြီလေ။ တကယ်ဆို ရေးထားလိုက် ရင် အတိအကျပြောပြနိုင်တာပေါ့ နောက်ကို ဒီလိုမဖြစ်အောင် မှတ်တမ်းတင်ထားပါမည်။

ကဲ နို့ခေါက်ဆွဲရေ ..... ပိတောက်ပေါက်စတို့ကို ကူညီပါဦးနော်......




Read More...

Tuesday, March 30, 2010

ပိတောက်ဆိုတာ......ပိတောက်ပေါက်စဆိုတာ

ပိတောက် ဆိုတာ တနှစ်မှ တကြိမ်၊ တကြိမ်မှာ တရက်၊ ပွင့်သည့် ပန်းမဟုတ်ပါလား။

ပိတောက်ပေါက်စဆိုတာကလည်း ထို့အတူပါပဲ တစ်နှစ်မှာ တကြိမ်၊တကြိမ် မှာ တရက် တည်း ကျင်းပ တဲ့ စင်္ကာပူ သင်္ကြန် ပွဲလေးမှာ ကုသိုလ်ပြု သူငယ်ချင်း အုပ်စုလေးပါ။ ဒီနှစ် သင်္ကြန်မှာ လည်း ပိတောက် ပေါက်စ တို့ စပြီး နောက် ထပ် တစ်ကြီမ် ( ၂ ကြိမ်မြောက်) စင်္ကာပူသင်္ကြန် စတုဒီသာ ကုသိုလ် ပွဲလေးမှာ ပါဝင် ဆင်နွဲ ကြပါတော့မယ် ပိတောက်ပေါက်စတို့စပြီး ခြေလှမ်းတွေ ပြင်နေကြပါပြီ စပြီး ပြင်ဆင် နေတာကတော့ March လလောက် ကတည်းက စပြီးပြင် ဆင်နေ ကြ တာပါ ကျောင်းအတွက်လည်း ထည့်စဉ်စား ပေးထား ရပါသေးတယ် ကျောင်း က ဘယ်မှာလုပ်မည်ဆိုတာကိုတော့ မသိရသေးဘူးပေါ့ ပိတောက်ပေါက်စတို့က တော့ အရင်နှစ်ကနှင့် မတူ အောင် တစ်ခုခု ကျွေးမယ်လို့ ဟစ်ထား ပြီးသာပါ ပထမ စဉ်းစား ထားတာက ဝက်သား တုတ်ထိုး လုပ်မည်လို့ စဉ်းစား နေ တာ ပါ ။

အဖွဲ့ မှာရှိတဲ့လူတွေ ကို ပြန်ရေ ကြည့်လိုက်တော့ ကြီးမိုက်ကြီး ဖြစ်တဲ့ ကိုမာမီ ကလွဲလို့ ကျန်တဲ့သူတွေ ဒီမှာရှိကြ ပါတယ် နောက်တိုး ဖြစ်တယ်လို့ပြောလို့ရတဲ့ အရင်နှစ်က မပါဖြစ်တဲ့ ကိုမျိုးမြင့်ဝင်း ဒီနှစ် ဒီမှာ ရှိနေတယ် သူကပဲ ကိုမာမီကြီးနေရာမှာ တာဝန်ယူမှာ သေချာသလောက်ပါ ပြီးခဲ့တဲ့ နှစ်က ကိုမာမီ ကြီးက BEER ငဲ့တိုက်တဲ့ တာဝန်
သူယူထားတာလေ ဒီနှစ်တော့ ကိုကျော်သူရ နှင့် ကိုမျိုးမြင့်ဝင်းတာဝန်ပေါ့။

ပိုပြီးတော့ ပျော်စရာ ကောင်းမှာ ကတော့ ချီးကုတ်ကြီး ကိုရဲလွင်၏ ချစ်ဇနီးကြီး (အငယ်ရှိသေးသလိုပဲနော်) နှင့် သူပြောတဲ့ သူ၏ သမီးကြီး (သမီးငယ်ရှိသလိုပဲ) ရောက်နေတယ်ဗျ။ ဒီနှစ်တော့ ချီးကုတ်ကြီးတို့ မိသားစု ကတာဝန်ယူ ပြီးချက် မှာ သူတို့ ကို အားဖြည့် ပေးမဲ့ သူကတော့ ကိုဗိုက်ကလေး ကို အထိန်း ကောင်း တဲ့ ယမမင်းကြီးလို အာဏာကြီးတဲ့ ဒေါ်ကြီး ယမင်းပါပဲ ပြောရဦးမယ် ဒေါ်ကြီး အထိန်းကောင်းလိုက်တာများ ကိုဗိုက်ကလေး မှာ CITY HALL ကို ဘယ်လိုလာရမှန်း မသိအောင်ကို ဖြစ်နေတော့တာဗျ။

အဲလို အဖွဲ့ ကတောင့်နေပြီ ဗျ၊ ဒီတော့ ဘာလုပ် ကြမလည်း ပြောကြဆိုကြတော့ ပါးစပ်ပေါက်တွေ ပိုများလာ တာ ပေါ့ ဘာပဲ ပြော ပြော ပျော်စရာကောင်း ပါတယ် သိတဲ့ အတိုင်းပဲ တစ်ယောက် ၃မျိုး ပြောကြတာပါပဲ ကျောင်းက ကြက်သား ပလာတာ ကျွေးမည်ဆို တော့ ပိတောက်ပေါက်စ တို့က ဘာ ကျွေးရရင် ကောင်းမလဲ ဆိုတာ ပိုလို့ တောင် အခက်တွေ့ ကြတာ အစက ပြောထားတာ က ဘာ ကျွေးရမှန်း မသိရင် ဒီကြက်သားပလာ တာကိုပဲ ထပ် ကျွေးမည် ပေါ့လေ အခုတော့ သေချာပေါက် တစ်ခုခု ထပ်ရွေးကြရတော့မည်မဟုတ်ပေလား ဒီတော့ ပြော ကြ တာပေါ့ တစ်ယောက်တစ်ပေါက် ဘာလုပ်လို့ ဘာကျွေးရမှန်းမသိအောင် ပြောလိုက်ကြတာ လက်ပံပင် ဇက်ရက် ကျသလိုပါပဲ သိတဲ့ အတိုင်းပဲ ငေါက်ငန်းလိုက်မှ ငြိမ်သွားပြီး အတည် တစ်ခုကိုရွေးလိုက်ကြတာပါ ဘာလဲ ဆိုတော့.....နို့ခေါက်ဆွဲ...တဲ့

ဘာတဲ့ ..... .....နို့ခေါက်ဆွဲ......နို့ခေါက်ဆွဲ.....)))))))))))))))))))))))))))))))

Type the rest of your post here.

Read More...