နာမည်က ဒီလို ဖြစ်ပေါ်လာတာပါ၊ ပြောခဲ့ပြီးသလိုပါပဲ ကျောင်းကြီးမှာ
နေရာတောင်းပြီ နောက်တပတ်မှာ ပဲ ကျောင်းကြီးကို ပိတောက်ပေါက်စ
တို့ ၀ိုင်းတော်သားကြီး ကိုကျော်သူရ၊ ကိုဗိုက်ကလေး၊ကိုကြီးမျိုးဦးတို့သွား
ကြရပါတယ် ကျောင်းကြီး သာရေးနာရေး အဖွဲ့က အစည်အဝေးသဘော
ကျင်းပကြတာပေါ့၊ အဲဒီမှာ ပိတောက်ပေါက်စတို့ က ကြက်သားပလာတာ
ကြွေးမယ်လို့ ပြောခဲ့ကြပါတယ် ဒီအတွက် ကျောင်းကြီးမှ ဒန်အိုး ၃ လုံး၊ဒါး
၂ လက်၊ စင်းနှီတုံး၊ ထည့်စရာဖေါ့ပုဂံ နှင့်တစ်ခြားလိုအပ်တာတွေ ထောက
်ပံ့ပါတယ်၊ gas နှင့် မီးဖို လဲပါပါသေးတယ်။ နောက်ပြီးတော့ အရေးကြီးတဲ့
အချက်ကတော့ သန့်ရှင်းရေးပါပဲ ဒါကြောင့် ဒီမှာ ကျွေးကြတဲ့ အဖွဲ့တွေက
သန့်ရှင်ရေးကိုလဲ လုပ်ကြရမှာ ဖြစ်ပါတယ် ဒါကြောင် သန့်ရှင်းရေးအတွက်
သက်ဆိုင်ရာနေရာတွေခွဲပြီး လုပ်ကြရမှာပါ ဒါကြောင့်ပိတောက်ပေါက်စတို့
အဖွဲ့သားတွေအားလုံး ကျောင်ကြီးရဲ့ အပြင်ထွက်ပေါက်ကနေ လမ်းမဖက်
ထိတာဝန်ယူပြီး သန့်ရှင်းရေးလုပ်ကြရပါတယ်၊ ဒါကြောင့် ဓါတ်ပုံတွေထဲမှာ
လည်းပိတောက်ပေါက်စတို့ သန့်ရှင်းရေးလုပ် နေကြတဲ့ ပုံတွေကိုတွေ့ကြ
ရတာပါ၊ တာဝန်ကျေပါတယ် ပိတောက်ပေါက်စတို့ရယ်။
ဒါက ကျောင်းကြီးက ထောက်ပံ့တာပါ ပြောချင်တာက နာမည်ဖြစ်ပေါ်လာ
ပုံကိုပါ ထို အစည်းအဝေးမှာ ပဲ နာမည် ဘယ်လိုပေးမှာလဲ အရင်ကတော့
ချောက်ကျောင်းအတွက်ပေါ့ ချောက်ကျောင်းက မလုပ်ဖြစ်တော့ ကိုကျော်
သူရ နှင့် သူငယ်ချင်းများလို့ ပေးထားတာပါ ဒါပေမဲ့ ဘယ်လိုနာမည်တပ်ရ
မလဲ ဆိုတာ ကို အားလုံး စဉ်းစားမထားကြပါဘူး အရင် ကတော့ နာမည်
တွေ ဘာတွေ တပ်မနေပါနဲ့ ကွာ ဒီလိုပဲ ကြွေးလိုက်ကြတာပေါ့လို့ပြောထား
ခဲ့ကြဘူးပါတယ်၊ ဒါနဲ့ ပဲ ကိုကျော်သူရ ကြီးက ပိတောက်ပေါက်စ လို့နာမည်
်တပ်ချင်ပါတယ်လို့ ပြောလိုက်ပါတယ် ဘာကြောင့် ဒီနာမည်ကို သူရွေးခဲ့သ
လဲဆိုတာကို သူကိုသူမသိခဲ့ပါဘူးတဲ့ စိတ်ထဲရှိတဲ့နာမည်လေးကိုပြောလိုက်
တာ ပါတဲ့ ကိုကျော်သူရကြီး က ပြောတာပဲ ဟုတ်မှာပါ။
ဘာပဲပြောပြော သူပေးခဲ့တဲ့ နာမည်လှလှ လေး ကို အားလုံးသဘောကျကြ
ပါတယ် ဟုတ်ပါတယ် ပိတောက်စတို့က တကယ့်ပိတောက်ပေါက်စလေး
တွေပါ တစ်နှစ်မှ တစ်ကြိမ်၊ တစ်ကြိမ်မှာ တစ်ရက် ပွင့်တဲ့ပိတောက် ကို စွဲတဲ့
သဘောပေါ့ ပိတောက်ပေါက်စတို့က လဲ တစ်နှစ်မှတစ်ကြိမ် ပြုလုပ်တဲ့ ဒီလို
စတုဒိသာ ကုသိုလ်ပွဲကြီးမှာ ပထမ အကြိမ်ဖူးပွင့် လာကြတဲ့ပိတောက်ပေါက်
စလေးတွေပါပဲ။
ဒီလို နာမည်ပြောင်း လိုက်တဲ့ အခါကြတော့ ကျောင်းကြီးမှ နာမည်ပြောင်း
ချင်ရင် Peninsula ကို အခုလိုက်သွားမှ ရမယ် အဲဒီကို ကျောင်းက
ဘုန်းဘုန်း ၂ ပါး ကွန်ပျူတာ စာစီ ပရင့်အောက် သွားလုပ် နေပြီလို့
ပြောပါတယ် ဒါနဲ့ ဘယ် ကိုယ်တော်တွေ သွားလုပ်ကြလဲ လို့ စုံစမ်းကြည့်
တော့ ဘုန်းဘုန်း တစ်ပါ က ကံကောင်းထောက်မစွာ ကိုဗိုက်ကလေး
အသိ ဘုန်းဘုန်း ဖြစ်နေတော့ ဖုန်းဆက်လိုက်ပါတယ် တပည့်တော်တို့
နာမည်ပြောင်းချင်လို့ပါဘုရား ပေါ့ ဒီလိုနဲ့ သေချာအောင် Peninsula ကို
ချက်ချင်းလိုက် ပြီး ပြောင်လိုက်ပါတယ် ဒါကြောင့် ရှေ့ကကြည့်ရင်
ပိတောက်ပေါက်စ လို့တွေ့ရတာပါ နောက်ကကြည့်ရင် ကိုကျော်သူရ
နှင့်သူငယ်ချင်းများလို့ ဓါတ်ပုံထဲမှာ မြင်ရတာပါ တကယ့်တကယ်တော့
ပိတောက်ပေါက်စ ပါပဲ ခေါ်ကြည့်လိုက်ပါဦး
. (ပိတောက်ပေါက်စ)
. (((ပိတောက်ပေါက်စ)))
.(((((ပိတောက်ပေါက်စ)))))
နောက်ထပ် ကြက်သားပလာတာ ဟင်းချက်ရန်အတွက် လိုအပ်ချက်
တွေကို ရေးပြပါမယ်။
Wednesday, April 22, 2009
ဘယ်လိုနာမည် ပေးရမှာလဲ.....?
ဘယ်သူတွေ ပါကြမှာလဲ ?
ဟုတ်တော့ ဟုတ်နေပါပြီ တော်တော်လေး တော့ခရီးရောက်နေပါပြီ ဒါ
ပေမဲ့ လူဦးရေကို ဘယ်လို ကန့်သတ်ရမလဲ ဆိုတာ ပြသနာ ပေါ်လာ
ပါပြီ ရှိသမျှ သူငယ်ချင်းအားလုံး ကို ခေါ်ရမလား မခေါ်ပဲနေရမလား ဆို
တာ ပါပဲ ရှိသမျှ သိသမျှ သူငယ်ချင်းတွေ ကို အသိပေး ပြီး ခေါ်လိုက်
ပြန်ရင်လဲ ချောက်ဂျီတီအိုင် အဖွဲ့မှာ လူအားနည်းမှာလဲ စိုးရပြန်ပါတယ်
ဒါကြောင့် ပါချင်တဲ့ သူငယ်ချင်တွေ လောက်ပဲ နှင့် လုပ်ကြမယ်ပေါ့။
သိသမျှ လူတွေ အားလုံးကိုလဲ ပြောပြမနေတော့ပါဘူး နီးမှပဲ အသိပေး
လိုက်တော့မယ် အသိပေးတယ် ဆိုတာထက် ဖိတ်လိုက်တဲ့သဘော
လောက်ပါပဲ တော်တော် ကြာ ချောက်အဖွဲ့ နှစ်ဖွဲ့ ခွဲနေတယ်ဖြစ်မှာလဲ
စိုးပါတယ် ဒီသဘော သက်ရောက်သွားမှာကိုလဲ ပိတောက်ပေါက်စတို့
က အထူးသတိထား ပြောဆိုရပါတယ် ဘာပဲပြောပြော ချောက်အဖွဲ့ဆီ
ကိုပဲ သွားစေချင်ပါတယ် အချိန်ရမှ ပိတောက်ပေါက်စ တို့ အဖွဲ့ ကို လာ
အားပေးကြတာ ပိုကောင်းပါတယ်။
ဒါနဲ့ ပိတောက်ပေါက်စတို့ စပြီးအလှူငွေ စုကြရပါပြီ ပိတောက်
ပေါက်စတို့ စကောက်လိုက်ကြပါတယ် မှန်းထားတာ ပိုခဲ့ရင် ဘုန်းကြီး
ကျောင်းကိုလှူကြမယ် လိုခဲ့ရင် ထပ်ကောက်မယ် ပိုမှာသေချာပါတယ်
အစမှာပဲလူဦးရေ ၁၀ ယောက်ကျော်နေပါပြီ သေချာတယ် လောက်မယ်
ပိုမယ်ဆိုတာ သိနေပါပြီ နောက်ထပ် လူတွေ ကျန်သေးတယ် ဆိုတာလဲ
သိနေတော့ ကောင်းကောင်းလှူနိုင်တာကို သိထားရတော့ ပိုလို့ ပီတိ
တွေဝေနေကြရပါတယ်။
ပြောခဲ့ပြီးပါပြီ အလှူငွေ စာရင်းကိုင် က တော့ ကိုကြီးမျိုးဦး ဖြစ်ပါတယ်
အခုလောလောဆယ်တော့ လူဦးရေ စာရင်းကိုပဲ ဖေါ်ပြနိုင်မှာပါ ဘယ်သူ
ဘယ် လောက်ကိုတော့ နောက်မှပေါ့ လိုအပ်ခဲ့မှပါ မလိုအပ်ရင်တော့
ဖေါ်ပြမနေတော့ပါဘူး ပိတောက်ပေါက်စတို့ ကတော့ မဖေါ်ပြချင်ပါဘူး
ဖေါ်ပြစရာမှမလိုတာ မဟုတ်လား ကုသိုလ်လုပ်တာပါ ရန်ပုံငွေရှာတာမှမ
ဟုတ်တာ။
လူဦးရေစာရင်း ( ပိတောက်ပေါက်စ အဖွဲ့ )
(၁) ကိုထွန်းကြီး
(၂) ကိုမာမီ
(၃) ကိုရဲလွင်
(၄) ကိုကျော်သူရ
(၅) ကိုမျိုးဦး
(၆) ကိုဗိုက်ကလေး
(ရ) ကိုညီ
(၈) ကိုအောင်မျိုးထွန်း
(၉) ကိုနေမျိုးထက်+မမနွေး
(၁၀) ကိုဓါတ်ကျော်
(၁၁) ကိုပေါက်စ
(၁၂) ကိုသိန်းစိုး
(၁၃) ကိုသန်းနိုင်ဝင်း
(၁၄) ကိုမင်းဇော်ဦး
(၁၅) ကိုမျိုးမြင့်ဝင်း
(၁၆) ကိုစိုးမင်း
(၁၇) ကိုဇော်မိုးထွဋ်
(၁၈) ကိုကျော်ဘုန်းနိုင်
(၁၉) ကိုကျော်ဦး
ဘယ်လိုနာမည်ရခဲ့တယ်ဆိုတာကို နောက်ထပ်ပိုစ့် ထပ်တင်ပေးပါမယ်။
Friday, April 17, 2009
ဘာကျွေးမှာလဲ?
ဘာကျွေးမှာလဲ?
ပိတောက်ပေါက်စတို့ ပထမဦးစွာ ခေါင်းစားရမည့် ကိစ္စ က ဒီ ဘာကျွေးမှာလဲ
ဆိုတာကစတာပါပဲ သိတယ်မဟုတ်လား ပိတောက်ပေါက်စတို့အုပ်စု အကြောင်း
ပြောလိုက်ရင်တစ်ယောက်တစ်ပေါက် ဟိုလူပြောရင် ဒီလူကပယ်ချ ဆိုတဲ့အဖွဲ့ဗျ
ကဲ နောက်တာပြောင်တာခဏထား ဘာကြွေးမှာလဲဆိုတာ အရင်ပြောကြဆိုပြီး
မာန်ပါပါလေး ငေါက်လိုက်မှ ပိတောက်ပေါက်စတို့ စပြီး ရွေးချယ်ကြရပါတယ်
ရွေးကြတာအများကြီးပါ နောက်ဆုံး ချက်တတ် ပြုတ်တတ်တဲ့ ကိုကြီးရဲလွင်ကို
အားကိုးရမည့် ကြက်သားပလာတာဒီကြက်သားပလာတာ ကို ကိုကြီးရဲလွင်က
ပိတောက်ပေါက်စတို့ကို ပိတ်ရက် ရှည်တိုင်း ဒီလူကြီးက ချက်ကြွေးနေကြလေ
ဒီလူကြီးက မြှောက်ပေးရင်ချက်ချက်ကျွေးတာ သူလက်ရာကို တော်တော်ကြိုက်
်တာကမာမီလေ ဒီလူကြီးတွေသဘောကျ အားလုံးလဲသဘောကျတဲ့ ဒီကြက်သား
ပလာတာကို ရွေးလိုက်ပါပြီ
ကြက်သားပလာတာ.......ကြက်သားပလာတာ......
ဟေး.... ကြက်သားပလာတော့ ဟုတ်ပါပြီ ဘာတွေ လိုလဲ ဘာတွေ ၀ယ်ရမှာလဲ
ဘယ်မှာဝယ်ရမှာလဲ ဘယ်သူတွေ အားလို့ ဘယ်သူတွေ ၀ယ်ကြမှာလဲ.......
လဲ ပေါင်းများစွာ နှင့် ပိတောက်ပေါက်စတို့ ထပ်ထပ်ပြီးခေါင်း မီးတွေ တောက်
တောက်နေပါပြီ။
ကဲ ပိတောက်ပေါက်စတို့ စပြီး Management လုပ်ပါတော့မယ်...လိုအပ်တာတွေ
ွကို ချီးကုတ်ကြီးကိုရဲလွင် ကိုမေး တစ်ယောက်က စာရွက်နှင့်လိုက်ရေး......ရေး
ထားတဲ့စာရွက်ကို မာမီ ကိုပြ လိုအပ်တာရှိ ထပ်ဖြည့်စာရွက်နှင့် လိုက်ရေးတဲ့ သူက
တော့ ကိုကြီးထွန်း(ထွန်းကြီး) ဖြစ်ပါတယ် ငွေကိုင်၊ စာရင်းကိုင် ကတော့ ကိုမျိုးဦး
ကတာဝန်ယူ၊ ၀ယ်ရန်၊ ကူရန်၊...ကိုဗိုက်ကလေး၊ ကိုကျော်သူရ (လိုအပ်ရင်လူထပ်
ကူရန်).. ကျန်လူများ 11/04/09 ကျောင်းကြီးကိုလာရန် ပျက်ကွက်ဒဏ် ဘီယာ
10/04/09 ဈေးဝယ်ရန် ကိုကျော်သူရ၊ ကိုဗိုက်ကလေး၊ ကိုရဲလွင်၊ ကိုမျိုးဦင်္း၊
မှတ်ချက်၊ ၊ ကုလားပဲမှုန့် Penansula မှာဝယ်ရန်၊
ကဲ ဗျာ... ဘယ်လောက်လွယ်လိုက်သလဲ တထိုင်တည်းနဲ့ ပြီးရော့ Management
ဆိုတာ အရေးကြီးတယ် မရှိမဖြစ်နော်။ ချက်ရန်အိုးခွက်ပုဂံအကြောင်းကို သပ်သပ်
ရေးတင်ပါ့မယ်။
ပိတောက်ပေါက်စ ဖြစ်ပေါ်လာပုံ
ပိတောက်ပေါက်စ ဖြစ်ပေါ်လာပုံ
တနေ့သော တနင်္ဂနွေနေ့မှာ ပိတောက်ပေါက်စ တို့ ထံသို့ SMS တစ်ခုရောက်
လာပါတယ် CGTI သင်္ကြန် အလှူပွဲ အကြို အစည်းဝေးတစ်ခုပြုလုပ်ရန် နှင့်နေရာ
က City hall, Peninsula Plaza မှာ လုပ်မည် အချိန်တော့ ပါမလာပါ ဒါနဲ့
ပိတောက်ပေါက်စ တို့ရောက်ဖြစ်ကြပါတယ် တကယ်တကယ် ကြတော့ ဘယ်သူမ
ှ မလာသလောက်ပါပဲ နဲနဲ တော့ လာကြပါတယ် ဘယ်သူ နောက်မှန်းတော့ မသိ
ဘာပဲ ပြောပြော အဲလို လေး လုပ်ပေးတာကောင်းပါတယ် ကျောင်းသူ/သား တွေ
ဒီနှစ် သင်္ကြန် မှာ အလှူပွဲလေးလုပ် ဖြစ်မယ်လို့ သတိပေးလိုက် သလိုပါပဲ။
နောက်တစ်ပတ်တော့ ဘာသတင်မှ ထူးမလာပါဘူး ဒီတော့ ပိတောက်ပေါက်စတို့
က မနေနိုင်တော့ နောင်တော် နောင်တော် ကြီးတွေ ကို ဖုန်းဆက် ကြပါတယ်
ဘယ်လိုလဲ ဒီနှစ် လုပ်ဖြစ်မလား ဘယ်မှာ လုပ်ကြမလဲပေါ့ ရေရေ ရာရာ ဘာမှ
မသိရသေးပါ ဒီရက်ပိုင်းမှာ ပဲ ဆရာမ ဒေါ်အုန်းစန်း စ လုံးကို အလည် လာမည်
ဆိုတော့ ပိတောက်ပေါက်စတို့ သင်္ကြန်ကိစ္စ ကို ခဏထားလိုက်ပြီး ဆရာမ ကို ကန်
တော့ဖို့ ကိစ္စ ဆောင်ရွက် ဖြစ်ခဲ့ကြပါ တယ်။
ဆရာမကြီး ကို ကန်တော့ ဖြစ်ခဲ့ကြပါတယ် ဒီရက်မှာပဲ နောင်တော်ကြီးများဖြင့်
အစည်းအဝေး သဘောမျိုး သင်္ကြန်ကိစ္စ ကိုပြောဖြစ် ကြပါတယ် ဘယ်မှာလုပ်
ကြမလဲဘာကျွေးကြမလဲ ပေါ့ဒီမှာအလှူလုပ်မည့်နေရာသုံးနေရာပေါ်လာခဲ့ပါတယ်
ဒီလို နှင့် လူကြီးများမှSembawangဘုန်းကြီးကျောင်းကို လုပ်ချင်တယ်ပေါ့ ဒါပေမဲ့
ချက်မည့် နေရာ မရှိ အဲဒီနေ့က သိရတာပါ ပိတောက်ပေါက်စ တို့ ကတော့
ToaPaYoh ဘုန်ကြီးကျောင်း(ကျောင်းကြီး)မှာသင်္ကြန် အလှူပွဲလုပ်ခွင့်ရရင်အဲဒီမှာ
လုပ်ပေးပါ အဲဒီမှာ အစစအရာရာ အစဉ်ပြေတယ် လူလည်းများတယ် ကျောင်းသူ/
သားအားလုံး လဲသေချာပေါက်လာမည့် နေရာလဲ ဖြစ်တယ် ဒါကြောင့်ကျောင်းကြီး
မှာလုပ်ဖြစ်ရင် ကျောင်းကြီး မှာ လုပ်ပေးပါလို့ ဟြေဖြစ်ခဲ့ပါတယ်။
ဒါနှင့် ပိတောက်ပေါက်စ တို့ နောက်တပတ် တနင်္ဂနွေနေ့ ညနေပိုင်းမှာ ပိတောက်
ပေါက်စတို့ ကျောင်းကြီး ကိုဖုန်းဆက်လိုက်ပါတယ် အလှူအတွက် အခန်းတခန်း
လိုချင်တယ်လို့ တောင်းလိုက် ပါတယ်ကျောင်းကြီးမှဘုန်းဘုန်းတစ်ပါးမှ အမည်နှင့် ဘာကျွေးမည်လဲလို့မေးပါတယ် ကျောင်းကြီး ကမုန့်ဟင်ခါးကျွေးမည် ကျန်အဖွဲ့၃
ဖွဲ့ လောက်ရှိသေးတယ် တချို့ ကြာဇံဟင်းခါး၊ ရွှေရင်အေး တို့ကျွေးမည့် ဒကါတွေ
ရှိနေပြီးပြီ လို့ သိရပါတယ် ဒါကြောင့် ဘာကျွေးမည်ကို နောက်တပတ် မှာ အတိ
အကျပြောပါရန် နှင့် ဖုန်းနံပါတ်ပေးလိုက်ရပါတယ် လောလောဆယ်တော့ အမည်
ကို ချောက်ဂျီတီအိုင် အဖွဲ့လို့ ပြောထားခဲ့ပါတယ်။
ဒါနဲ့ ချောက်ဂျီတီအိုင် လူကြီးများကို ဖုန်းဆက် သတင်းပေးရပါတယ် ကျောင်းကြီး
မှာ သင်္ကြန် စတုဒီသာ ကျွေးပွဲ ရှိတယ်ပေါ့ အဲဒါ ကျောင်းကြီးမှာ ချောက် အဖွဲ အ
နေနဲ့ နေရာတစ်နေရာ ယူထားလိုက်တယ် ကျောင်းကြီးမှာ လုပ်ပါလို့ ပြောလိုက်
ပါတယ် သို့သော်လည်းပဲ ကျောင်းကြီးမှာ မလုပ် ဘူးတဲ့ sembawang မှာပဲလုပ်
မည်တဲ့လေ ကဲ ပိတောက်ပေါက်စတို့ အခက်ကြုံ ပါပြီ ကျောင်းကြီးက ဘုန်းဘုန်း
တွေ ကိုလဲ ပြောထားပြီးပြီ နောက်မှ မလုပ်တော့ဘူးလို့ ပြန် ပြောရလောက်အောင်
ခွန်အားမရှိ ခက်ပါပြီ တော်တော် ခက်ပါပြီ ဘယ်နဲ့ လုပ်ရပါ့။
ဟေး လုပ်ကြပါဦး ကျောင်းကြီး မှာ နေရာတွေတောင်း နာမည်တွေပေး နဲ့
ကိုယ့်အတွေးနဲ့ ကို ဟုတ်နေကြတာ ပိတောက်ပေါက်စတို့ ပါဗျာ ကဲ ရှိစေ
ကုသိုလ်ရေးလက်နှေးမနေပဲ တို့ အုပ်စု လုပ်မည် ကုန်ကျစရိတ် မျှခံ ဆိုပြီ
ပိတောက်ပေါက်စတို့ တာဝန်ယူလိုက်ရပါတယ်။
စပြီ ပိတောက်ပေါက်စတို့ စပြီ
ဘာကျွေးမလဲ ?
ဘယ်သူတွေ ပါကြမလဲ ?
ဘယ်လို နာမည်တပ်မလဲ ?
ပိတောက်ပေါက်စ